Ultra Mag

 


ဈေးသက်သက်သာသာနဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတော်တော်များတဲ့ မဂ္ဂနီဆီယမ် ဖြည့်စွက်စာလိုချင်တဲ့ Customer များအတွက် သတင်းကောင်းလေးလာပါပြီနော်။🤗🤗
ကောင်းကျိုးများလှတဲ့ မဂ္ဂနီဆီယမ် ဖြည့်စွက်စာကို ကျွန်မတို့ရဲ့ Shwe Thar Yar မှာ 11,000 Ks တည်းနဲ့ ဝယ်ယူလို့ရနိုင်ပါပြီရှင့်။
ဒါဆိုရင်တော့ မဂ္ဂနီဆီယမ်ဟာ ဘယ်လိုကောင်းကျိုးတွေများလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။👏📣
မဂ္ဂနီဆီယမ်ဆိုတာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုအားလုံးအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများမှာလည်း မဂ္ဂနီဆီယမ်ဓာတ်ကို တွေ့နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြွက်သားများ💪၊ နှလုံး❤️နှင့် ဦးနှောက်ကျန်းမာရေးအတွက်လည်း အရေးကြီးလှပါတယ်။ကြွက်သားတွေ ကျုံ့ခြင်း၊ ဆန့်ခြင်း လုပ်ငန်းတွေအတွက်လည်း မဂ္ဂနီဆီယမ်က မရှိမဖြစ်လိုအပ်ပါတယ်။
မဂ္ဂနီဆီယမ်ဟာ ဦးနှောက်ဖွံ့ဖြိုးခြင်း၊ မှတ်ဉာဏ်နဲ့ သင်ကြားမှုဆိုင်ရာ ဦးနှောက်ဖွံ့ဖြိုးခြင်းတွေအတွက် အထောက်အကူပြုတဲ့ N-methyl-D-aspartate (NMDA) များအတွက် အစောင့်များအဖြစ် လုပ်ဆောင်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပမာဏလုံလောက်အောင်မရှိခြင်းက အာရုံကြောဆဲလ်များကို သေစေနိုင်ပြီး ဦးနှောက်ကိုသေစေနိုင်ပါတယ်ရှင့်။
ဒါ့အပြင် ကျွန်မတို့ရဲ့ နှလုံးကြွက်သားများမှာရှိတဲ့ ကြွက်သားအမျှင်လေးများဟာ Calcium ဝင်ရောက်လာတဲ့အခါ ကျုံ့သွားပြီး အဲ့ဒီ့ကြွက်သားအမျှင်လေးတွေ ပြန်လည်ဖြေလျော့ဖို့အတွက် Magnesium လိုအပ်ပါတယ်။ Magnesium ပမာဏ လုံလောက်စွာ မရှိခြင်းဖြင့် နှလုံးကြွက်သားများမှာ Calcium ဓာတ်တွေစုပုံတတ်ပြီး နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်းများ ဖြစ်စေတတ်ပါတယ်။
ဒါ့အပြင် Magnesium ဟာ ကြွက်သားများကျုံ့ခြင်းအတွက် အလွန်အရေးပါလှပြီး သဘာဝ Calcium တားဆီးသူအဖြစ်နဲ့လည်း တွေ့ရတတ်ပါတယ်။ ကြွက်သားများမှာ Magnesium အားနည်းနေမယ်ဆိုရင် ကြွက်သားများအလွန်အကျွံ ကျုံ့ပြီး ကြွက်တက်ခြင်းနှင့် ကြွက်သားများ မဖြေလျော့နိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
မဂ္ဂနီဆီယမ်ဟာ အင်ဆူလင်ပမာဏကို ထိန်းညှိပေးပြီး Magnesium ပမာဏနိမ့်ပါက ကျွန်မတို့ရဲ့ ဆဲလ်များဟာ အင်ဆူလင်ကို ထိထိရောက်ရောက် မသုံးနိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေရဲ့ သွေးထဲမှာ သကြားဓာတ်ပါဝင်မှုများစေပါတယ်။ Magnesium ဖြည့်စွက်စာကို သုံးစွဲခြင်းဖြင့် ဆီးချိုအမှတ် ၂ ရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို သိသိသာသာလျော့နိုင်ပါတယ်။
အိပ်မပျော်တဲ့ ပြဿနာဟာ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နေကြပါတယ်။ Magnesium ကိုသောက်ခြင်းအားဖြင့် စိတ်နဲ့ ခန္ဓာကိုယ်ကိုအပန်းပြေစေပြီး မြန်မြန်အိပ်ပျော်စေပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။
⬛ Magnesium ကို အနက်ရောင်ချောကလက်၊ ထောပတ်သီး၊ အခွံမာသီး၊ အစေ့အဆန်များ၊ ဆော်လမွန်ငါး၊ တူနာငါး၊ ငှက်ပျောသီး နဲ့ အစိမ်းရောင်အရွက်တွေမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ Magnesium ပါတဲ့ အစားအစာတွေကို လုံလောက်အောင် မစားဖြစ်ကြပါဘူး။ Magnesium ဓာတ်ချို့တဲ့နေတတ်ကြပါတယ်။ Magnesium ဓာတ်ချို့တဲ့တာကြာရင်တော့ ဆိုးကျိုးအနေနဲ့ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။
ကျွန်မတို့ Shwe Thar Yar Digital Market Place မှာ မှာယူတဲ့ Supplement များကို Customer များဆီ ပို့လို့ရနိုင်မယ့်နေရာတွေအထိ ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးမှာမို့လို့ Facebook Page Manager💬 မှဖြစ်စေ၊ Phone - 09 666 843 520☎️ သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
ချစ်သော Customer များ ကောင်းသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။🤗
အခြား Brand တွေရဲ့ Supplements များလည်း စုံလင်စွာရနိုင်တာဖြစ်လို့ အောက်ပါ Link ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်....🖤

Comments

Popular posts from this blog

ကျောက်ကပ် ကျောက်တည်ခြင်း

Apple Cider Vinegar