Leacky Gut


  

အူနံရံယိုစိမ့်ခြင်း(Leaky gut)

အူလမ်းကြောင်းနံရံနဲ့ကပ်ပြီး ဆံခြည်မျှင်သွေးကြောလေးတွေရှိပါတယ်။အူလမ်းကြောင်းအတွင်းက စားခဲ့သမျှ အစာတွေကို အသေးဆုံးအဟာရ(micronutrient)အဖြစ်ချေဖျက်ပြီးမှ ထိုသွေးကြောအတွင်းသို့ပို့ဆောင်ရပါတယ်။ထိုသို့ပို့ဆောင်နိုင်အောင်လည်း အူလမ်းကြောင်းနံရံမှာ လွန်စွာသေးငယ်သောဇကာပေါက်လေးတွေပြုလုပ်ပေးထားပါတယ်။အစာခြေတဲ့ဖြစ်စဉ်များမှာလည်း ဇီဝအကူအညီဖြစ်တဲ့ ပရိုဘိုင်အိုတစ် အမြောက်အများရှိပါတယ်။သူတို့ဟာ ဇကာပေါက်လေးတွေရဲ့ဇီဝအကာအကွယ်လည်းဖြစ်ပါတယ်။

များစွာသော အကြောင်းအချက်များကြောင့် ထိုဇကာပေါက်လေးတွေပျက်ဆီးသွားလို့ အပေါက်ကျယ်သွားလျှင် မကြေညက်သော အစာများ၊အဆိပ်များ၊အစာနဲ့အတူပါလာသော ရောဂါပိုးများဟာ ထိုအပေါက်ကိုဖြတ်ပြီး သွေးကြောထဲသို့ တိုက်ရိုက်ဝင်ရောက်ပါတယ်။သွေးကြောအတွင်းက ခုခံစနစ်က ထိုအရာတွေကို အန္တာရာယ်ရှိတယ်သတ်မှတ်ပြီး ခုခံတိုက်ခိုက်တယ်။နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်စတင်ပါတယ်။ရောင်ရမ်းမှုကို ထိထိရောက်ရောက်မကုသလျှင်အောက်ပါရောဂါတွေဖြစ်နိုင်ပါတယ်။

* Gastric ulcers(အစာအိမ် ပြည်တည်နာ)
* Infectious diarrhea(ရောဂါပိုးကြောင့် ဝမ်းသွားခြင်း)
* Irritable Bowel Syndrome (IBS)(အူလမ်းကြောင်းမူမမှန်လှုပ်ရှားမှုကြောင့်ဖြစ်သောရောဂါ)
* Inflammatory bowel diseases (Crohn’s, ulcerative colitis)(အူရောင်ရမ်းမှုကြောင့်ဖြစ်သောရောဂါများ)
* Celiac disease(ဂျုံမတည့်သော အော်တိုအင်မြူးအူရောင်ရောဂါ)
* Esophageal and colorectal cancer(အစာရေမျိုကင်ဆာ နှင် အူမကြီးကင်ဆာ)
* Allergies(ဓာတ်မတည့်ခြင်းများ)
* Respiratory infections(အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုများ)
* Acute inflammation conditions (sepsis, SIRS, multiple organ failure)(သွေးဆိပ်သင့်ခြင်းကဲ့သို့သော ရောင်ရမ်းခြင်းကြောင့်ဖြစ်သောရောဂါများ)
* Arthritis (အဆစ်ရောင်ရောဂါ)
* Obesity-related metabolic diseases (fatty liver, Type II diabetes, heart disease)(အဝလွန်းခြင်းနှင့်ဆက်စပ်သော အသည်းအဆီဖုံးခြင်း၊ဆီးချို နှင့်နှလုံးရောဂါများ)
* Autoimmune disease (lupus, multiple sclerosis, Type I diabetes and more) (အော်တို အင်မြူးရောဂါများ)
* Parkinson’s disease(ပါကင်ဆန်ရောဂါ)
* Chronic Fatigue Syndrome(ကာလကြာရှည် မောပန်းမှု ရောဂါစု)
* Obesity(အဝလွန်ခြင်း)

ဘာတွေကြောင့် အူနံရံ ယိုစိမ့်နိုင်လဲ။

အဓိက အချက်လေးချက်ရှိပါတယ်။

၁။အစားအစာ(poor diet)

In-sprouted grain တွေဖြစ်တဲ့ ဆန်၊ဂျုံ နှင့်ပဲတွေမှာပါတဲ့ phytate နဲ့ lectins တို့သည် leaky gut ဖြစ်စေသော အကြောင်းများဖြစ်ပါတယ်။lectin ဟာ အပင်တွေပိုးမကျဖို့သိပ်အရေးပါပေမည့် လူတွေအတွက် အစာကြေဖို့သိပ်ခက်ပါတယ်။lectins အနည်းငယ်ဆို ကိစ္စမရှိပေမည့် များရင်တော့ ပြသနာရှိပါတယ်။နောက်တစ်ခုက မျိုးရိုးဗီဇပြုပြင်ထားတဲ့အစာ(GMO)ပါ။သူတို့ကို ပိုးမကျအောင်ပြုပြင်ရင်း လူတွေအတွက်လည်း သူတို့ကိုကြေအောင်မချေနိုင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်လာပါတယ်။နောက်တစ်ခုက ဂျုံမှာပါတဲ့ ဂလူတန်ပါ။အူလမ်းကြောင်း ယိုစိမ့်တဲ့ရောဂါရှိနေသူမှာ မကျေနိုင်ပါ။စျေးကွက်မှာရောင်းတဲ့ နို့တွေမှာ A1 casein ပါပါတယ်။အစာကြေဖို့ခက်ပါတယ်။သကြားတွေက အူလမ်းကြောင်းတစ်လျှောက်ရောဂါပိုးတွေပေါက်ပွားအောင်ကူညီပါတယ်။

၂။စိတ်ဖိစီးမှု

နှစ်ရှည်စိတ်ဖိစီးမှုများခြင်းသည် leaky gut ဖြစ်စေသော အကြောင်းတစ်ခုဖြစ်ပါတယ်။ပိုအိပ်ပါ။တစ်ပတ်တစ်ရက်အားလပ်ရက်ထားပါ။တရားထိုင်ပါ။ပျော်အောင်နေပါ။ဒါဆ်ိုလျှင် အတော်အတန်သက်သာနိုင်ပါတယ်။

၃။အဆိပ်များ

နှစ်စဉ် အဆိပ်အမျိုးအစား ရှစ်သောင်းကျော်လောက်နဲ့ထိတွေ့နေရပါတယ်။ပိုးသတ်ဆေးများ၊ကလိုရင်းခတ်ထားသောရေများ၊အကိုက်အခဲပျောက်ဆေးများသည် အူနံရံယိုစိမ့်စေသော အကြောင်းများပါ။

၄။အူလမ်းကြောင်းအတွင်း ဇီဝအကာအကွယ်ပျက်စီးခြင်း

အူလမ်းကြောင်းမှာ
အကျိုးပြုပိုးများနည်းပါးခြင်း နှင့် ရောဂါဖြစ်စေသောပိုးများပြားလာတဲ့အခါ leaky gut ဖြစ်ပါတယ်

အူလမ်းကြောင်း မကောင်းလျှင် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျခြင်း၊စိတ်မူမမှန်ခြင်းတွေဖြစ်တတ်တယ်။၂၀၁၇မှာလုပ်တဲ့ သုသေတနတစ်ခုမှာ စိတ်ဖိစီးမှုများတဲ့သူတွေကို Bifidobacterium longum အကျိုးပြုပိုးပါတဲ့ ဆေးကိုကျွေးတဲ့အခါ သက်သာပျောက်ကင်းသွားတယ်ဆိုတယ်။

Leaky gut ကိုဘယ်လိုကုမလဲ။

Four R ကိုမှတ်ထားပါ။

Remove

ဖယ်ထုတ်ပါ။ဖြစ်စေသော အစားအစာတွေကို ရှောင်ပါ။ရောဂါကုချိန်မှာ လုံးဝဖြတ်ထားပါ။မဖြစ်အောင်လည်း လျော့စားပါ။

Replace

အစားထိုးပါ။ရောဂါပျောက်စေတဲ့အစာတွေစားပါ။

၁။အရိုးပြုတ်ရည်
သူ့မှာ ကော်လဂျင်(collagen)နဲ့ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ proline နဲ့ glycine ပါပါတယ်။အူနံရံကို ကုသပေးတယ်။

၂။အချဉ်ဖောက်ထားတဲ့ နို့ထွက်ပစ္စည်း

ပရိုဘိုင်အိုတစ် နဲ့ short chain fatty acid ဆိုတဲ့ ဆိုတဲ့ အဆီတစ်မျိုးကြောင့် အူတွင်းအနာတွေ အကျက်မြန်ပါတယ်။အဓိက အစာတွေက ကီဖာ,ဒိန်ချဉ်တို့ဖြစ်ပါတယ်။

၃။ချဉ်ဖတ်

အော်ဂဲနစ်အက်စစ်တစ်မျိုးပါပြီး အူလမ်းကြောင်းက pH ကို ထိန်းညှိပါတယ်။ပရိုအိုင်အိုတစ်လည်းပါလို့ကောင်းပါတယ်။ကင်ချီ၊ဂျာမန်ဂေါ်ဖီချဉ်နဲ့ ရုရှား ချဉ်ဖတ်တွေက ပိုကောင်းပါတယ်။

၄။အုန်းသီးထွက်ပစ္စည်းများ

Medium chain fatty acid ခေါ်တဲ့ အဆီတစ်မျိုးပါပါတယ်။ထိုအဆီက အူအတွက်ကောင်းပါတယ်။အုန်းသီး ကီဖာဆို probiotic ပါပါလို့ ပိုကောင်းပါတယ်။

၅။chia အစေ့ နဲ့ နှမ်းကြတ်စေ့က အူလမ်းကြောင်းအတွက်ကောင်းပါတယ်။

Repair

ပြန်ပြင်ပါ။ဖြည့်စွက်စာတွေနဲ့ပြန်ပြင်ပါ။

၁။အစာခြေ အင်ဇိုင်း

Leaky gut လူနာတွေဟာ အစာချေဖို့ခက်တာမို့ အစာခြေ အင်ဇိုင်းတွေသောက်ပါ။အစာမစားခင် တစ်လုံး နှစ်လုံးသောက်ပါ။

၂။L glutamine

အူနံရံပြုပြင်ပြီး အရောင်လည်းကျလို့ သိပ်ကောင်းပါတယ်။အူဆဲလ်တွေကို အပေါ်က ဖုံးလွှမ်းပေးလို့ အနာကျက်မြန်စေပါတယ်။2g မှ 5g တစ်ရက် နှစ်ကြိမ်သောက်ပါ။

၃။နွယ်ချို

စိတ်ဖိစီးမှုကြောင်းဖြစ်တဲ့ အူနံရံယိုစိမ့်မှုအတွက်ကောင်းပါတယ်။500mg တစ်ရက် နှစ်ကြိမ်လိုပါတယ်၊

၄။Quercetin ဖြည့်စွက်စာ

အပင်တွေရဲ့ ရောင်ခြယ်တွေကိုစုပေါင်းထုတ်ထားတာပါ။အူနံရံ အပေါက်လေးတွေကို ပြန်ကောင်းလာစေတယ်။500mg တစ်ရက်သုံးကြိမ်သောက်ပါ။

Rebalance

ပြန်ဖြည့်ပါ။ Gut Dysbiosis အတွက် probiotics ပြန်ဖြည့်ပါ။ အကောင်းဆုံးတံဆိပ်ဝယ်ပါ။ တစ်ရက်အနည်းဆုံး 50 billions သောက်ပါ။

(ကျွန်တော်ကိုယ်တွေ့ကတော့ probiotics 100 billions နှစ်လသောက်ပါတယ်။ L Glutamine 5g တစ်လသောက်ပါတယ်။ ဖြစ်နေတဲ့ IBS လုံးဝသက်သာသွားပါတယ်။)

သည်အချက်တွေ လိုက်နာလျှင် leaky gut ပျောက်သွားနိုင်ပါတယ်။
#Crd Dr. PHYO MAUNG MAUNG

Comments

Popular posts from this blog

ကျောက်ကပ် ကျောက်တည်ခြင်း

Apple Cider Vinegar