Betaine HCL
ကျွန်မတို့အစာအိမ်ထဲမှာ အစာအိမ်အက်စစ်လုံလောက်အောင်မထုတ်နိုင်တဲ့အခါမှာ အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်ရှင့်။ အစာအိမ်အက်စစ်နည်းနေရင်လည်း စားသမျှအစားအစာတွေကို ကောင်းစွာမချေဖျက်နိုင်တဲ့ အတွက်ကြောင့် စားသမျှအစားအစာတွေ၊ အာဟာရတွေကို အူကကောင်းစွာမစုပ်ယူနိုင်ပါဘူးနော်။ ဒါကြောင့် စားသလောက်အာဟာရလည်းမရနိုင်ပါဘူးရှင့်။ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အစာအာဟာရကိုလည်း မရနိုင်ပါဘူး။
အစာအိမ်အက်စစ်က ဘာကြောင့်နည်းတာလဲ???
စိတ်ပင်ပန်းမှုဖြစ်ခြင်း။ Zinc နဲ့ Vitamin B တွေ ချို့တဲ့ခြင်း။ ဆေးလိပ်၊ အရက်သောက်ခြင်း။ အစားအများကြီးစားပြီး ကြေညက်အောင်မဝါးခြင်းအပြင် အသက်ကြီးလာတာနဲ့အမျှလည်း အစာအိမ်အက်စစ်ဓာတ် လျော့နည်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်ရှင့်။ ဒါကြောင့် အစာအိမ်အက်စစ်ကောင်းစွာ မထုတ်နိုင်သူတွေအတွက် သတင်းကောင်းလေးတစ်ခုပြောပြပါရစေရှင့်။
အစာအိမ်အက်စစ်နည်းသူတွေဟာ စားသောက်လိုက်တဲ့အစားအစာတွေချေဖျက်ဖို့အတွက် အစာအိမ်အက်စစ်ဖြစ်တဲ့ Betane HCL ဖြည့်စွက်စာကို မှီဝဲသင့်ပါတယ်ရှင့်။
HCL (Hydrochloric Acid) ကိုသောက်မယ်ဆိုရင် Betane HCL အပြင် Pepsin ပါတာမှ အကျိုးပိုရှိပါတယ်နော်။
Betane HCL ဆိုတာ အပင်တွေနဲ့ အစေ့အဆန် တွေမှရတဲ့ Betane နဲ့ Hydrochloride ကို ပေါင်းထားတဲ့ ဖြည့်စွက်စာတစ်မျိုးဖြစ်ပါတယ်။ Hydrochloric Acid ဟာ အစာထဲမှာပါလာတဲ့ Bacteria များကိုသေစေရုံ သာမက လူကိုဒုက္ခပေးမယ့် ကပ်ပါးများ၊ မှိုများ ကိုလည်း သတ်ဖြတ်ပေးပါတယ်။ ဒါ့အပြင် Betane HCL မှာ ကျွန်မတို့စားလိုက်တဲ့ အစားအစာထဲမှာပါတဲ့ ပရိုတင်းကို ချေဖျက်ပေးဖို့ Pepsin လို့ခေါ်တဲ့ Enzyme တစ်မျိုးလည်းပါဝင်ပါတယ်။
Betane HCL ဟာ အစာခြေစနစ်ကိုပိုမိုကောင်းမွန်စေတဲ့အပြင် အချို့ဗီတာမင်တွေကိုစုပ်ယူမှု ပိုကောင်းစေပါတယ်။
Betane HCL ကိုသောက်မယ်ဆိုရင်တော့ အစာစားပြီး ၁၅ မိနစ်အတွင်းသောက်ရပါတယ်ရှင့်။
Betane HCL ကို ကျွန်မတို့ Shwe Tharyar Digital Market Place မှာ ဝယ်ယူရရှိနိုင်ပါပြီနော်
မှာယူချင်တယ်ဆိုရင်တော့
Facebook Page Messenger မှဖြစ်စေ
Phone no. 09 666 843 520 ကိုဆက်သွယ်ပြီး ဖြစ်စေ မှာယူနိုင်ပါတယ်ရှင့်။ ပို့ဆောင်ခကလည်း အခမဲ့ပါနော်
Comments
Post a Comment