Higher Mind
စိတ်ဖိစီးမှုတွေများပြီးပင်ပန်းနွမ်းနယ်နေပါလား
ဒါဆိုရင်တော့ ကျွန်မတို့ Shwe Tharyar Digital Market Place မှာ Califonia ပြည်နယ်မှ နိုင်ငံတကာအဆင့်မှီ ထုတ်လုပ်ထားသော Source Natural Brand, Higher Mind ဆိုတဲ့
ဆေးစွမ်းကောင်းတစ်လက်ရှိနေပါပြီနော်.....
Higher Mind မှာဆိုရင်တော့ Phosphatidylserine ပါဝင်ပါတယ်။ Phosphatidylserine ဆိုတာ phospholipid ဖြစ်ပြီး cell membrane ရဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Phosphatidylserine ကို အယ်ဇိုင်းမားရောဂါများ၊ လူငယ်များတွင် စဥ်းစားတွေးခေါ်နိုင်စွမ်းများတိုးတက်စေခြင်း ၊ လူကြီးများတွင်စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများ ကျဆင်းခြင်း ၊စိတ်ကျရောဂါများကိုကုသရာတွင်အသုံးပြုပါတယ်။
Vitamin များ Nutrients များပါဝင်သောကြောင့်
ကျန်းမာသောဦးနှောက်လုပ်ဆောင်မှု၊ဆဲလ်အမြှေးပါးတည်ငြိမ်မှု ၊စွမ်းအင်ထုတ်လုပ်ခြင်း၊
စိတ်နဲ့ခန္ဓာကိုယ်ကို အာဟာရညီညွတ်မျှတစေခြင်း ၊ စိတ်ဖိစီးမှုနှင့်ပင်ပန်းနွမ်းနယ်မှု ကိုလျှော့ချပေးခြင်း၊ စိတ်နဲ့ခန္ဓာကိုယ်ကို အမြင့်ဆုံးအဆင့်မှာ အလုပ်လုပ်ရန် Higher Mind ကကူညီပေးပါတယ်။ Amino Acid များပါဝင်သောကြောင့်
ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများထုတ်လုပ်မှုကို ဟန်ချက်ညီစေခြင်း ၊ free radical များကို ဖယ်ရှားပေးရန် Antioxidant များထုတ်ပေးခြင်းဖြင့် ကျန်းမာသောဆဲလ်များကိုဖန်တီးပေးပါတယ် ။ အေးဆေးတည်ငြိမ်ရန်၊စိတ်ဖိစီးမှုလျှော့ချရန်၊နိုးကြားမှုရှိစေရန်၊ပင်ပန်းနွမ်းနယ်မှုလျှော့ချရန် Higher Mind ဖြင့် ဖြည့်စွက်နိုင်ပါတယ်။
တစ်နေ့လျှင်1လုံးမှ 4လုံးအထိ အစာနဲ့တွဲ ၍ သောက်သုံးနိုင်ပါတယ်
သတိပြုရန်
7ရက်အတွင်း ခွဲစိတ်ဖို့ရှိသူများနှင့် ခွဲစိတ်ပြီးသူများ၊ ထိခိုက်ဒဏ်ရာ ရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များ မသောက်သုံးသင့်ပါ
မှာယူချင်တယ်ဆိုရင်တော့ ကျွန်မတို့ Page Messenger မှ ဖြစ်စေ ဖုန်းဆက်ပြီးဖြစ်စေ မှာယူနိုင်ပါတယ်ရှင့်
ဒါ့အပြင်လည်း Delivery Free ဖြင့်လည်းပို့ပေးဦးမှာပါနော်.....
Comments
Post a Comment