Screen Time Blue Light

 


 

မင်္ဂလာပါရှင့်…🙏
🌱ဒီနေ့မှာတော့ အာရုံ(၆)ပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ စက္ခုအာရုံ 👀 ဆိုတဲ့အမြင်အာရုံလေး ကောင်းမွန်ဖို့အတွက် မျက်လုံးအားကောင်းစေပြီး မျက်စိယိုယွင်းပျက်စီးစေတတ်​သော Blue Light ကို ကာကွယ်ပေးတဲ့ ''Screen Time Blue light Support" လို့ ခေါ်တဲ့ ဖြည့်စွက်စာလေးအကြောင်းကို ပြောပြပေးချင်ပါတယ်။
🌱ကိုယ်ခန္ဓာကျန်းမာသန်စွမ်းအောင် အမျိုးမျိုးသောဖြည့်စွက်စာများမှီဝဲသုံးစွဲနေသော်လည်း အမြင်အာရုံကြည်လင်ပြီး စိတ်ရှင်းရှင်းနဲ့ သွား၊ လာ၊ လှုပ်ရှား အလုပ်လုပ်နိုင်ဖို့အတွက် မျက်စိအားကောင်းစေမယ့် Supplements သောက်ဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ 
မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့အနုနယ်ဆုံးဖြစ်ပြီး အ‌ရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
🌱ယနေ့ IT ခေတ်ကြီးထဲမှာ TV, Computer, Phone, Tablet, LED စသော လျှပ်စစ်ပစ္စည်းများနဲ့ ကင်းကွာနေနိုင်တဲ့သူ မရှိသလောက်ရှားသွားပါပြီ။ အဲ့ဒီ Electronic Devices များမှထွက်တဲ့ Blue Lights (အပြာရောင်အလင်းတန်းများ) ကြောင့် မျက်ကြည်လွှာကိုတိုက်ရိုက်ထိတွေ့ပြီး မျက်ကြည်လွှာပျက်စီးခြင်း၊ Macula ပျက်စီးခြင်း၊ အမြင်လွှာယိုယွင်းခြင်း၊ မျက်စိညောင်းညာခြင်း နှင့် အရေပြားပျက်စီးထိခိုက်ခြင်း စတဲ့အရာများ ဖြစ်စေပါတယ်။
 

 
🌱Blue Light ဆိုတာ မြင်နိုင်သောအလင်းတန်းများထဲမှာ ခရမ်းလွန်ရောင်ခြည်နီးပါး ပြင်းအားအမြင့်ဆုံးဖြစ်ပြီး ဖန်သားပြင်ရဲ့အလင်းရောင်ပိုလင်းလေလေ အရောင်ပိုတောက်လေလေဖြစ်ပြီး Blue Light ရဲ့ ဓာတ်ရောင်ခြည်ဟာလည်း ပိုပြင်းလေလေ ဖြစ်လာပါတယ်။ ဒါ့အပြင် Blue Light က Melatonin ဟော်မုန်းဓာတ်ကိုပါ လျော့နည်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လည်း မလွယ်ကူပါဘူး။
 
🌱Blue light Support မှာ ပါရှိတဲ့ Lutein နဲ့ Zeaxanthin က ကျွန်မတို့ရဲ့ မျက်လုံးကို နေကာမျက်မှန်သဖွယ် ကာကွယ်ပေးနိုင်ပါတယ်။ Lutein က ဓာတ်တိုးဆန့်ကျင်သောအရာဖြစ်ပြီး သွေးထဲမှာ Luteinဓာတ် နည်းနေရင် မျက်လုံးထဲမှာရှိတဲ့ သွေးကြောလေးတွေကျဥ်းသွားပြီး သွေးလှည့်ပတ်မှုအား နည်းစေပါတယ်။ ဒါ့အပြင် Lutein က အလင်းမှာပါတဲ့ ဘေးဖြစ်စေတဲ့ရောင်ခြည်တွေကို စစ်ယူနိုင်ရုံသာမက အသားအရေကိုပါ ကောင်းမွန်စေပြီး အရေပြားကင်ဆာကိုပါ ကာကွယ်ပေးပါတယ်။ Zeaxanthin က ဓာတ်တိုးခြင်းကြောင့် မျက်လုံးအားဖြည့်ပေးတဲ့ဗီတာမင်ဖြစ်ပြီး မျက်လုံးပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ Lutein နဲ့ Zeaxanthin ဓာတ်တွေဟာ အသက်ကြီးတဲ့အချိန်မှာဖြစ်တတ်တဲ့ အတွင်းတိမ်ရောဂါတွေလို နာတာရှည်မျက်စိရောဂါ၊ အမြင်လွှာမပြတ်သားခြင်း၊ Macula ပျက်စီးခြင်း စတာတွေကို ကာကွယ်ပေးပါတယ်။ Screen Time Blue light Supportမှာ မျက်စိအတွက် အထူးကောင်းမွန်ပြီး အားလုံးလည်းသိထားပြီးသားဖြစ်တဲ့ ကျွန်မတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဗိုက်တာမင် A လည်း မြောက်များစွာ ပါဝင်တဲ့အပြင်၊ တခြား ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဗိုက်တာမင် E , Zinc ဓာတ်၊ Copper& Alpha-Lipoic Acid စတာတွေပါ ပါဝင်လို့ တစ်နေ့တစ်လုံးသောက်ပေးရုံနဲ့ မျက်စိနဲ့ပတ်သတ်တဲ့ အားနည်းချက်တွေကို ထိရောက်မှုရှိရှိနဲ့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်ရှင့်။
ဒါ​​​ကြောင့်မို့ Blue Light နဲ့မကင်းနိုင်တဲ့အခုလို IT ​ခေတ်မှာ မျက်စိအတွက် အ​ရေးပါတဲ့ "Screen Time Blue Light Support" ဖြည့်စွက်စာ​လေးကို ​ညွှန်း​ပေးချင်ပါတယ် ​နော်
မှာယူချင်တယ်ဆိုရင်​တော့ကျွန်မတို့ Page Message Box မှဖြစ်​စေ ဖုန်းဆက်ပြီးဖြစ်​စေမှာယူလို့ရရှိနိုင်မှာဖြစ်ပြီး ကျွန်မတို့ Shwe Tharyar Digital Market Place မှ Delivery Free ဖြင့် Customer များ အိမ်တိုင်ရာ​ရောက် ပို့​ဆောင်​ပေးသွားမှာဖြစ်ပါတယ်ရှင့် 😊
📦 "သင်တို့လိုသမျှဖြည့်စွက်စာ​
​ရွှေသာယာမှာ၀ယ်ယူပါ" 📦

Comments

Popular posts from this blog

ကျောက်ကပ် ကျောက်တည်ခြင်း

Apple Cider Vinegar