Immune System
အခုဆိုရင် Covid 19 ကလည်း Local Case တွေပြန်ဖြစ်လာပြီဆိုတော့ မင်မင်တို့ရဲ့ Customer တွေလည်း ကိုယ်ခံအားတွေကို အမြင့်ဆုံးမြှင့်ထားဖို့ မမေ့ကြနဲ့နော်.... ကိုယ်ခံအားကောင်းအောင်နေမယ်ဆိုရင် ရောဂါပိုးဝင်ရောက်လာရင်တောင် ခန္ဓာကိုယ်ရဲ့ ခုခံအားက အလွယ်တကူတိုက်ထုတ်နိုင်မှာပါနော်.... ဒီနေ့မှာတော့မင်မင်ကကိုယ်ခံအားကောင်းအောင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာတွေကို ပြောပြပေးပါ့မယ်ရှင့်... 1. လုံလောက်အောင်အိပ်စက်အနားယူမယ်။ 2. လက်ဆတ်တဲ့အသီးအရွက်တွေ များများစားမယ်။ 3. ဆေးလိပ်၊ အရက်၊ ဘီယာ သောက်ခြင်းမှရှောင်မယ်။ 4. စိတ်ဖိစီးမှုတွေလျှော့ချမယ်။ 5. ရေကိုလုံလောက်အောင်သောက်မယ်။ 6. နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေလုပ်မယ်။ စတဲ့အချက်တွေနဲ့ ကိုယ်ခံအားတွေကို အမြင့်ဆုံး မြှင့်တင်ထားကြပါစို့နော်..... ဒါတင်မက Vitamin D and K ၊ Vitamin C၊ Zinc နဲ့ CoQ10 တို့လို ဖြည့်စွက်စာများကိုမှီဝဲခြင်းအားဖြင့်လည်းကိုယ်ခံအားကို မြှင့်တင်ထားလို့ရပါသေးတယ်ရှင့် Delivery Free ဖြင့်လည်းပို့ပေးဦးမှာမို့လို့ အိမ်ထဲကအိမ်အပြင်မထွက်ချင်တဲ့ Customer များအနေနဲ့ Facebook Page Messenger မှဖြစ်စေ ဖုန်းဆက်ပြီးဖြစ်စေမှာယူလို့ရနိုင်ပါတယ်