Collagen
COLLAGEN
- collagen ကို ကျွန်ုပ်တို့သိတာက အသားဖြူစေတယ်ပေါ့
- တကယ်တမ်းတော့ collagen ကကျွန်ုပ်တို့အတွက် အကျိုးအမြတ်အများကြီးရှိတယ်ဆိုတာ သင်သိပါသလား?
- ထို့အပြင် collagen က type အလိုက်အကျိုးသက်ရောက်မူတွေအများကြီးကွဲတယ်ဆိုတာကော သင်သိပါသလား?
- စိတ်မပူပါနဲ့ ကျွန်ုပ်အခု post မှာအသေးစိတ်ရှင်းပြပေးမှာပါ။
- Collagen ဆိုတာက ကိုယ်ခန္ဓာအနှံ မှာ အမြောက်အမြားရှိတဲ့ ပရိုတိန်းပါ။ အရိုး၊ အရေပြား ၊ ကြွက်သား၊ သွေးကြောနဲ့ အစာခြေအဖွဲ့အစည်းတွေမှာ တွေ့နိုင်ပါတယ်။
- အသက်ကြီးသွားတဲ့အခါ collagen ထုတ်လုပ်မူကျဆင်းတတ်လို့ အရေပြားတွန့်လာတာ၊ အဆစ်အမြစ်နာကျင်တာ၊ ကြွက်သားနာကျင်တာတွေဖြစ်လာနိုင်ပါတယ်။
- Collagen မှာ type 16 ခုရှိပါတယ်။
- Type 1 to 3က အသုံးပြုသူများတာကြောင့် မိမိလိုအပ်ချက်တွေအလိုက်ရွေးချယ်အသုံးပြုမှု မမှားကြစေဖို့ကိုပြောပြပေးပါမယ်နော်။
- Collagen type 1
- Collagen type 1 ကို pro-alpha 1 လို့လဲခေါ်ပါတယ်။
- Collagen type 1 ကတော့ tissues များ၊ အရိုး၊ အရွတ်၊ အရေပြား နှင့် မျက်လုံး အဆံဖြူတွေအတွက်ကောင်းပါတယ်
- အသားအရေစိုပြေစေခြင်းကို ၂၈ ရာခိုင်နူန်း တိုးစေပြီး၊ အရေပြား elasticity ကို ၁၉ ရာခိုင်နူန်းလောက်တိုးလာစေပါတယ်။
- Collagen type 1 ကိုတော့ ငါး၊ အမဲသား၊ ဥတွေ မှရရှိနိုင်ပါတယ်။
2.Collagen type 2
- Collagen type 2 ကတော့ အရိုးနုများ၊ အရိုးအဆစ်၊ ခါးနာ၊ လည်ပင်းနာ၊ ခန္ဓာကိုယ်နာကျင်မူနှင့်ရောင်ရမ်းခြင်းကို တိုက်ဖျက်တဲ့အရာများကိုထုတ်လုပ်ခြင်းဖြင့်အလုပ်လုပ်စေသည်။
- ဒူးခေါင်းတွင်အသံမြည်ခြင်းကိုလျော့ချပေးနိုင်တယ်။
- ကျောကုန်း၊ မေးရိုး နဲ့အဆစ်များကိုထောက်ပံပေးပါတယ်။
- Collagen type 2 ကိုကြက်သားမှရနိုင်ပါတယ်။
- Collagen type 3 ကို alpha chain 3 လို့ခေါ်ပါတယ်။
- Collagen type 3 ကို type 1 နဲ့အတူတွဲပြီးတွေ့ရပါတယ်။
- Collagen type 3 ကတော့ လက်သည်းပျော့ခြင်း၊ လက်သည်းအခွံကွာခြင်း၊ ခြေသည်းလက်သည်း ကျိုးခြင်း များ၊ ဆံသားကိုထူခြင်း၊ ဆံပင်ကျွတ်စေခြင်းများကိုလျော့ကျစေပါတယ်။
- Collagen type 3 ကို ဥနဲ့ အမဲသား ကနေရနိုင်ပါတယ်။
Comments
Post a Comment