Posts

Showing posts from May, 2020

Brone Broth

Image
  ✩အရိုးပြုတ်ဟင်းရည်တစ်ခုမှာ ဘယ်လိုအာဟာရတွေများ ပါဝင်လဲ ✩ အရိုးတစ်ခုမှာ အပြင်အရိုး၊ အတွင်းရိုးတွင်းခြင်ဆီနဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးပြုတ် ဟင်းရည်တစ်ခုသောက်ရင် အဲ့ဒီ ၃ မျိုးက အာဟာရတွေ အကုန်ရနိုင်ပါတယ်။ • အရိုး – အရိုးတစ်ခုမှာ ကယ်လ်ဆီယမ်၊ ဖော့စဖောရက်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်၊ ဆာလ်ဖာတို့ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းရည်တစ်ခွက် သောက်လိုက်တာနဲ့ ဒီ သတ္တုဓါတ်တွေ အကုန်ရမှာပါ။ • ရိုးတွင်းခြင်ဆီ – ဗီတာမင်တွေဖြစ်တဲ့ vitamin A, vitamin K ,တို့အပြင် အိုမီဂါတွေနဲ့ အခြားသတ္တုတွေဖြစ်တဲ့ သံဓါတ်၊ selenium,နဲ့ manganese တို့ပါဝင်ပါတယ်။ ဆိတ်ရိုး စွပ်ပြုတ်တို့ အမဲရိုးစွပ်ပြုတ်တို့မှာဆို CLA တောင်ပါဝင်ပါသေးတယ်။ • Connective tissues – ဒီတစ်ရှူးထဲမှာ အရိုးနုကျန်းမာဖို့ နဲ့ အရိုးအဆစ် တွေ ရောင်တာနာတာကို သက်သာစေဖို့ နာမည်ကြီး ဖြည့်စွက်အာဟာရဖြစ်တဲ့ glucosamine နဲ့ chondroitin တို့ပါဝင်ပါတယ်။ ဒါ့အပြင် အရိုး၊ ရိုးတွင်းချဉ်ဆီနဲ့ Connective tissues တို့ဟာ ကော်လာဂျင်ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးစွပ်ပြုတ်တစ်ခွက်မှာ glycine နဲ့ amino acids တွေလည...

Collagen

Image
COLLAGEN collagen ကို ကျွန်ုပ်တို့သိတာက အသားဖြူစေတယ်ပေါ့ တကယ်တမ်းတော့ collagen ကကျွန်ုပ်တို့အတွက် အကျိုးအမြတ်အများကြီးရှိတယ်ဆိုတာ သင်သိပါသလား? ထို့အပြင် collagen က type အလိုက်အကျိုးသက်ရောက်မူတွေအများကြီးကွဲတယ်ဆိုတာကော သင်သိပါသလား? စိတ်မပူပါနဲ့ ကျွန်ုပ်အခု post မှာအသေးစိတ်ရှင်းပြပေးမှာပါ။ Collagen ဆိုတာက ကိုယ်ခန္ဓာအနှံ မှာ အမြောက်အမြားရှိတဲ့ ပရိုတိန်းပါ။ အရိုး၊ အရေပြား ၊ ကြွက်သား၊ သွေးကြောနဲ့ အစာခြေအဖွဲ့အစည်းတွေမှာ တွေ့နိုင်ပါတယ်။ အသက်ကြီးသွားတဲ့အခါ collagen ထုတ်လုပ်မူကျဆင်းတတ်လို့ အရေပြားတွန့်လာတာ၊ အဆစ်အမြစ်နာကျင်တာ၊ ကြွက်သားနာကျင်တာတွေဖြစ်လာနိုင်ပါတယ်။ Collagen မှာ type 16 ခုရှိပါတယ်။ Type 1 to 3က အသုံးပြုသူများတာကြောင့် မိမိလိုအပ်ချက်တွေအလိုက်ရွေးချယ်အသုံးပြုမှု မမှားကြစေဖို့ကိုပြောပြပေးပါမယ်နော်။ Collagen type 1 Collagen type 1 ကို pro-alpha 1 လို့လဲခေါ်ပါတယ်။ Collagen type 1 ကတော့ tissues များ၊ အရိုး၊ အရွတ်၊ အရေပြား နှင့် မျက်လုံး အဆံဖြူတွေအတွက်ကောင်းပါတယ် အသားအရေစိုပြေစေခြင်းကို ၂၈ ရာခိုင်နူန်း တိုးစေပြီး၊ အရေပြား elasticity ကို ၁၉ ရာခိုင်န...